back

ထိုင်းနိုင်ငံဘန်ကောက်မြို့ ရာမ - ၆ လမ်းပေါ် ဆေးလိပ်သောက်လျှင် ဘတ် ၅ ထောင် ဒဏ်ရိုက်မည်

Feb 14 • 7:04 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံဘန်ကောက်မြို့ ရာမ - ၆ လမ်းပေါ် ဆေးလိပ်သောက်လျှင် ဘတ် ၅ ထောင် ဒဏ်ရိုက်မည်

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ ဗဟိုချက် ရာမ - ၆ လမ်းတွင် ဆေးလိပ်သောက်ပါက ဒဏ်ငွေ ဘတ် ၅ ထောင် ချမှတ်မည့် စည်းမျဉ်းဥပဒေမှာ ယမန...

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ ဗဟိုချက် ရာမ - ၆ လမ်းတွင် ဆေးလိပ်သောက်ပါက ဒဏ်ငွေ ဘတ် ၅ ထောင် ချမှတ်မည့် စည်းမျဉ်းဥပဒေမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်မှ စတင် အသက်ဝင်ပြီဟု ဘန်ကောက်မြို့တော် တာဝန်ရှိသူများက ထုတ်ပြန် သတိပေးခဲ့သည်။ယင်းလမ်းတည်ရှိရာ ရတ်ချာသီဝီအရပ်သည် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံ များစွာရှိသဖြင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုရသူများ ရောဂါကင်းဝေးရေး ကျန်းမာသောမြို့ဆိုသည့် လှုပ်ရှားမှု ပထမဆုံး ခြေလှမ်းအဖြစ် ဥပဒေပြဌာန်းလိုက်ခြင်း ဖြစ်သည်။ လမ်းပေါ်၊ လမ်းဘေး မည်သည့်နေရာတွင်မှ ဒေသထွက်စီးကရက် (ဆေးပေါလိပ်)၊ အီးစီးကရက်များကို သောက်ခြင်းမပြုရဟု ဘန်ကောက် ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာ လာ့လက်လီလရွန်ဆန်က သတိပေးထုတ်ပြန်ခဲ့သည်။ ယင်းလှုပ်ရှားမှုကို ရမာသီဘောဓိဆေးရုံ၊ မဟီဒေါတက္ကသိုလ်အပါ ရတ်ချာသီဝီခရိုင်အတွင်းမှ အဖွဲ့အစည်းပေါင်း ၁၃ ခု ပူးပေါင်းကာ ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှု လုပ်ခဲ့ခြင်း ဖြစ်သည်။ယခု ရာမ - ၆လမ်း ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှုသည်သာမက ၂၀၁၇ ခုနှစ် ဆေးရွက်ကြီး ထိန်းချုပ်ရေး အက်ဥပဒေအရ ဘန်ကောက်တွင် အများပြည်သူဆိုင်ရာ နေရာများ၊ လမ်းဘေးများအားလုံးတွင် ဆေးလိပ်သောက်ခြင်းသည် တရားဥပဒေနှင့် ငြိစွန်းသည်ဟုလည်း ဒေါက်တာ လာ့လက်လီလရွန်ဆန်က ထပ်မံ သတိပေးခဲ့သည်။

news-view-count-icon

30