back

ဆွစ်ဇာလန်လူဦးရေကို အမြင့်ဆုံး ၁၀ သန်းအထိသာ ထားရှိရန် အဆိုပြုခဲ့

Feb 14 • 6:47 AM

breaking-news

Myanmar

International

cover

ဆွစ်ဇာလန်လူဦးရေကို အမြင့်ဆုံး ၁၀ သန်းအထိသာ ထားရှိရန် အဆိုပြုခဲ့

နိုင်ငံ၏အမြင့်ဆုံးလူဦးရေကို၁၀ သန်းအထိ သတ်မှတ်မည့် အဆိုပြုချက်တစ်ရပ်ကို ဆွစ်ဇာလန်နိုင်ငံကလူထုဆန္ဒခံယူပွဲဖြင့် အဆုံးအဖြတ်ယူရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ၁၂ ရက် သတ...

နိုင်ငံ၏အမြင့်ဆုံးလူဦးရေကို၁၀ သန်းအထိ သတ်မှတ်မည့် အဆိုပြုချက်တစ်ရပ်ကို ဆွစ်ဇာလန်နိုင်ငံကလူထုဆန္ဒခံယူပွဲဖြင့် အဆုံးအဖြတ်ယူရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ၁၂ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ဆွစ်ဇာလန်လူဦးရေကို အမြင့်ဆုံး ၁၀ သန်းတွင်သာ ထားရှိရေးအဆိုပြုချက်အား လက်ယာစွန်း ဆွစ်နိုင်ငံရေးပါတီဖြစ်သည့် ဆွစ်ပြည်သူ့ပါတီ(အက်စ်ဗွီပီ)က တင်သွင်းထားခြင်းဖြစ်သည်။အထက်ပါ အဆိုပြုချက်နှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲကို ယခုနှစ် ဇွန် ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဆွစ်ဇာလန်တာဝန်ရှိသူများက ပြောကြားသည်။အက်စ်ဗွီပီပါတီ၏ အဆိုပြုချက်အရ ဆွစ်ဇာလန် လူဦးရေ စုစုပေါင်း ၉ ဒသမ ၅ သန်းအထိ ရောက်ရှိလာချိန်တွင် ဖက်ဒရယ်အစိုးရအနေဖြင့် ဆွစ်ဇာလန်ပြည်တွင်းသို့ ပြည်ပနိုင်ငံသားများ ထပ်မံဝင်ရောက်လာမှုကို ကန့်သတ်ပေးရမည်ဖြစ်သည်။အက်စ်ဗွီပီပါတီ၏ အထက်ပါအဆိုပြုချက်တွင် ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်ရန် ကြိုးပမ်းသူများ ၊ပြည်ပအခြေစိုက် နေထိုင်သူများ၏မိသားစုဝင်များလည်း အကျုံးဝင်မည်ဖြစ်ကြောင်း သိရ သည်။ပြည်ပရွှေ့ပြောင်းဝင်ရောက်သူများကြောင့် ဆွစ်ဇာလန်နိုင်ငံ၏လူဦးရေ လျင်မြန်စွာ မြင့်တက်လာချိန်တွင် အမြင့်ဆုံးလူဦးရေကို ၁၀ သန်းအထိသာ သတ်မှတ်ရန် အက်စ်ဗွီပီ ပါတီက အဆိုပြုထားခြင်းဖြစ်သည်။

အက်စ်ဗွီပီပါတီသည် ဆွစ်ဇာလန်လွှတ်တော်၌ အင်အားအကြီးဆုံးပါတီဖြစ်ပြီး လူဝင်မှု ကိစ္စများနှင့် ပတ်သက်၍ သဘောထားတင်းမာသောဆွစ်နိုင်ငံရေးပါတီဖြစ်သည်။


news-view-count-icon

34