နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၉ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
Feb 14 • 5:14 AM
Myanmar
Naypyidaw
Share
| 31 | 0 | 0 | 0 |


