ဂျပန်နိုင်ငံ ဂိုတိုကျွန်းစု (Goto Islands) အနီးရှိ ဂျပန်အထူးစီးပွားရေးဇုန် (EEZ) အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ်ငါးဖမ်းရေယာဉ်တစ်စင်းနှင့် ၎င်း၏ပဲ့နင်းဖြစ်သူကို ဂျပန်ရေလုပ်ငန်းအေဂျင်စီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ဖြစ်စဉ်မှာ မီရှီမာကျွန်း အနောက်တောင်ဘက် ၁၆၆ ကီလိုမီတာအကွာတွင် ဂျပန်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရန်အတွက် အဆိုပါသင်္ဘောကို ရပ်တန့်ခိုင်းခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ မောင်းပြေးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် မူလကပင် တင်းမာနေသည့် တရုတ်-ဂျပန် သံတမန်ရေးရာ ဆက်ဆံရေးမှာ ပိုမိုခက်ခဲလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားကြပြီး၊ တရုတ်အစိုးရဘက်မှမူ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။
ဂျပန်အထူးစီးပွားရေးဇုန်အတွင်း စစ်ဆေးမှုကို ငြင်းဆန်ထွက်ပြေးသည့် တရုတ်ငါးဖမ်းသင်္ဘောနှင့် ပဲ့နင်းဖြစ်သူကို ဂျပန်ဖမ်းဆီး
Feb 14 • 5:13 AM
Japan
Local News
Share
| 13 | 0 | 0 | 0 |


