တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှ ထွက်ခွာသွားပြီးနောက် ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ပျောက်ဆုံးနေသူမှာ မအားလွန် (ခ) အားမီ ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းက နေအိမ်မှ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ကျော် ကြာမြင့်နေပြီဖြစ်သဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။သို့ဖြစ်ပါ၍ ပုံပါအမျိုးသမီးအား တွေ့ရှိသူများ သို့မဟုတ် သတင်းအစအန သိရှိသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် မိသားစုဝင်များက မေတ္တာရပ်ခံထားပါသည်။
တာချီလိတ်မြို့တွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှထွက်ခွာသွားပြီး ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးနေ
Feb 14 • 5:13 AM
Myanmar
Shan
Share
| 25 | 0 | 0 | 0 |


