စင်ကာပူရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက်က Chinatown နှင့် Jalan Besar တစ်ဝိုက်ရှိ မသင်္ကာဖွယ်ရာ အနှိပ်ခန်းများကို ဝင်ရောက်စီးနင်းခဲ့ရာ People’s Park Complex အပါအဝင် နေရာအချို့မှ လိုင်စင်မဲ့ဆိုင် ၉ ဆိုင်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းအနက် ၅ ဆိုင်မှာ အနှိပ်ခန်းအယောင်ပြ၍ ကာမဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ဆင်ရေးအတွင်း အသက် ၃၂ နှစ်မှ ၄၃ နှစ်အတွင်းရှိ အမျိုးသမီး ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ကွန်ဒုံးများ၊ နိုင်ငံကူးလက်မှတ်များနှင့် အလုပ်သမားစာရွက်စာတမ်းများကို သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။ ယခုကဲ့သို့ ဖမ်းဆီးမှုမှာ ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်ရသည့် မဖွယ်မရာစည်းရုံးမှုများကို နှိမ်နင်းရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အလှပြင်ဆိုင်အမည်ခံကာ တရားမဝင်လုပ်ကိုင်နေမှုများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Feb 14 • 5:12 AM
Singapore
Local News
Share
| 11 | 0 | 0 | 0 |


