back

ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI စင်တာ ၅ ခု ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

Feb 14 • 5:11 AM

breaking-news

Thailand

Local News

cover

ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI စင်တာ ၅ ခု ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ထိုင်းနိုင်ငံရှိ အလုပ်လုပ်ခွင့်ပါမစ်ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ ခုကို လာမည့်...

ထိုင်းနိုင်ငံရှိ အလုပ်လုပ်ခွင့်ပါမစ်ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ ခုကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်၍ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီပြည်နယ်တို့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ လျှောက်ထားလိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် ကုန်ကျစရိတ်အဖြစ် ဘတ် ၂,၆၇၀ ပေးသွင်းကာ မိမိသွားရောက်လိုသည့်စခန်းနှင့် ရက်စွဲကို ရွေးချယ်နိုင်ပြီး၊ ရရှိလာသည့်ပြေစာနှင့်အတူ သတ်မှတ်စခန်းများသို့ သွားရောက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါစခန်းများကို အပတ်စဉ် တနင်္လာနေ့တိုင်းနှင့် သံရုံးရုံးပိတ်ရက်များတွင် ပိတ်ထားမည်ဖြစ်ပြီး၊ သတ်မှတ်နှုန်းထားထက် ပိုမိုကုန်ကျမှုမရှိစေရန်နှင့် ပွဲစားများရန်မှ သတိပြုကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

17