စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ယာယီနေရပ်စွန့်ခွာလာရသည့် မိသားစုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက အနော်ရထာခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ထောက်ပံ့မှုတွင် ကံကြီးကုန်း၊ ကင်မွန်းတော်နှင့် ကံဇီးကျေးရွာတို့မှ ပြည်သူများအပြင် ပင်လယ်ဘူးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်သည်။ စုစုပေါင်း အိမ်ထောင်စု (၁၁၂) စုမှ လူဦးရေ (၄၅၂) ဦးအတွက် တစ်ဦးလျှင် ၃ လစာ ကျပ် (၆၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၇၀ ကျော် ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများက နေရပ်စွန့်ခွာလာသူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ နေထိုင်စားသောက်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့ရှိ ယာယီနေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ငွေ ကျပ်သိန်း ၂၇၀ ကျော် ပေးအပ်
Feb 14 • 5:11 AM
Myanmar
Sagaing
Share
| 21 | 0 | 0 | 0 |


