back

Gen Z မျိုးဆက်သည် ယခင်မျိုးဆက်ထက် ညံ့ဖျင်းဟုဆို

Feb 14 • 5:10 AM

breaking-news

Myanmar

International

cover

Gen Z မျိုးဆက်သည် ယခင်မျိုးဆက်ထက် ညံ့ဖျင်းဟုဆို

၁၉၉၇ နှင့် ၂၀၁၀ ခုနှစ်ကြား မွေးဖွားသူများဖြစ်သည့် Gen Z မျိုးဆက်များသည် ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပုံစံတူပညာရေးစစ်ဆေးမှု (Standardized academic test...

၁၉၉၇ နှင့် ၂၀၁၀ ခုနှစ်ကြား မွေးဖွားသူများဖြစ်သည့် Gen Z မျိုးဆက်များသည် ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပုံစံတူပညာရေးစစ်ဆေးမှု (Standardized academic tests) များ၌ ရှေ့ကမျိုးဆက်များထက် ရမှတ်ပိုမိုနည်းပါးသွားကြောင်း ထိပ်တန်းအာရုံကြောသိပ္ပံပညာရှင် ဒေါက်တာ Jared Cooney Horvath က ထောက်ပြပြောဆိုလိုက်သည်။ဒေါက်တာ Horvath ၏ အဆိုအရ ပိုမိုစိုးရိမ်ဖွယ်ကောင်းသော အချက်မှာ အဆိုပါလူငယ်အများစုသည် ၎င်းတို့၏ အရည်အချင်းအပေါ် လက်တွေ့ထက် ပိုမို၍ ယုံကြည်ချက်လွန်ကဲ (Overconfident) နေကြခြင်းဖြစ်ကြောင်း ဆိုသည်။ "လူတစ်ယောက်က မိမိကိုယ်ကို တော်လှပြီဟု ထင်မှတ်နေလေလေ၊ လက်တွေ့တွင် ပို၍ညံ့ဖျင်းလေလေ ဖြစ်တတ်သည်" ဟု ၎င်းက မှတ်ချက်ပြုခဲ့ပါသည်။

news-view-count-icon

38