ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမပေါ်ရှိ အဝိုင်းကြီးကားမှတ်တိုင်အနီးတွင် ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်ခန့်က ပြေးဆွဲနေသည့် YBS ၄၂ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ အလွန်ပြင်းထန်သဖြင့် ၁၀ မိနစ်အတွင်း ယာဉ်တစ်စီးလုံး မီးကူးစက်လောင်ကျွမ်းခဲ့သော်လည်း ယာဉ်ပေါ်ပါခရီးသည်များ အချိန်မီဆင်းပြေးနိုင်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်ယာဉ် (၁) စီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ အပူချိန်မြင့်မားနေမှုကြောင့် မြို့နယ်အချို့တွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုရန် လိုအပ်နေပါသည်။
မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမပေါ်ရှိ အဝိုင်းကြီးကားမှတ်တိုင်အနီးတွင် YBS ၄၂ ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်ပွား
Feb 14 • 5:09 AM
Myanmar
Yangon
Share
| 48 | 0 | 0 | 0 |


