back

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို အီဂေါသီယာဂို ဒုတိယအကြိမ်မြောက် ဆွတ်ခူး

Feb 14 • 5:07 AM

breaking-news

Myanmar

International

cover

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို အီဂေါသီယာဂို ဒုတိယအကြိမ်မြောက် ဆွတ်ခူး

ဘရန့်ဖို့ဒ်အသင်း၏ တိုက်စစ်မှူး အီဂေါသီယာဂို (Igor Thiago) သည် ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆု (Player of the Month) ကို ရရှိသွားခဲ့ပြ...

ဘရန့်ဖို့ဒ်အသင်း၏ တိုက်စစ်မှူး အီဂေါသီယာဂို (Igor Thiago) သည် ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆု (Player of the Month) ကို ရရှိသွားခဲ့ပြီး၊ ဤဆုကို (၂) ကြိမ်မြောက် ရရှိသည့် ပထမဆုံးသော ဘရာဇီးလ်ကစားသမား အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။သီယာဂိုသည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဤဆုကို ရရှိခဲ့ဖူးပြီး ယခု ဇန်နဝါရီလအတွင်းတွင် အဲဗာတန်နှင့်ပွဲ၌ ဟက်ထရစ်၊ ဆန်းဒါးလန်းနှင့်ပွဲ၌ ၂ ဂိုး၊ စုစုပေါင်း ၅ ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အသင်းနှင့် ၅ နှစ်ခွဲ သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုပြီး နာရီပိုင်းအကြာမှာပင် ဤဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

31