back

မဲဆောက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာ စကားပြန်သင်တန်း ကျင်းပပြီးစီး

Feb 14 • 5:06 AM

breaking-news

Thailand

Local News

cover

မဲဆောက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာ စကားပြန်သင်တန်း ကျင်းပပြီးစီး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဌာနနှင့် လူဝင်မှုကြ...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည့် စကားပြန်သင်တန်း ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။ သင်တန်းတွင် မဲဆောက်ဒေသခံ စိတ်ဝင်စားသူ ၂၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဘန်ကောက်တရားရုံး၏ ဝါရင့်စကားပြန် ဆရာစိုင်းထွန်းရွှေက စကားပြန်ကျင့်ဝတ်နှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပို့ချခဲ့သည်။ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အရပ်သုံးစကားများကြောင့် မှားယွင်းမှုမရှိစေရန်နှင့် စနစ်တကျ ဘာသာပြန်ဆိုနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

14