သားအိမ်ခေါင်းကင်ဆာဆိုတာက အသက် ၄၀၊ ၅၀ ဝန်းကျင် အမျိုးသမီးတွေမှာ စိုးရိမ်ရတဲ့ ရောဂါလို့ သတ်မှတ်ခဲ့ကြပြီး ငယ်ရွယ်သူတွေမှာ စိတ်ထဲမထားခဲ့ကြပါဘူး။ ယခုအခါမှာတော့ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ အစောပိုင်းအဆင့် အဖြစ်များလာတာကို တွေ့လာရပါတယ်။ HPV ဗိုင်းရပ်စ် စောစီးစွာထိတွေ့ခြင်း၊ ကာကွယ်ဆေးနောက်ကျခြင်း၊ ရောဂါစစ်ဆေးမှုအားနည်းခြင်းတို့ကြောင့် ငယ်ရွယ်သူတွေမှာလည်း သားအိမ်ခေါင်းကင်ဆာအန္တရာယ် ရှိလာတတ်ပါတယ်။HPV ကူးစက်ရင် များသောအားဖြင့် လက္ခဏာမပြတတ်တာကြောင့် ကြိုတင်ကာကွယ်မှု မလုပ်ထားရင် ရေရှည်မှာ သက်ရောက်လာနိုင်တယ်လို့ အိန္ဒိယ CK Birla ဆေးရုံမှ ဒေါက်တာဗီဗက်ဂူ့ပ်တာက ပြောပါတယ်။ အသက်အရွယ် အစောပိုင်းကာလတွေမှာ ရောဂါပိုးထိတွေ့ပြီး သတိမပြုမိမှာကို ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။



