ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် ကျင်းပမည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြင်ဆင်ထားသည့် ပြကွက်များနှင့် အိန္ဒိယနေကြာမျိုး (Suryakiran) စိုက်ပျိုးထားသော ၇ ဧက စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သီးပင်စားပင်များ အချိန်မီသီးပွင့်စေရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန် မှာကြားခဲ့သည်။ ထို့ပြင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးသာမက မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်နိုင်စေရန် အသိပညာပေးပြသသွားရန်နှင့် ပွဲတော်အထိမ်းအမှတ် ဆိုင်းဘုတ်များကိုလည်း စနစ်တကျ တပ်ဆင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Feb 14 • 4:58 AM
Myanmar
Ayeyarwady
Share
| 42 | 0 | 0 | 0 |


