back

အမေရိကန်ရောက် မြန်မာသံရုံးယာယီတာဝန်ခံက "Walk for Peace" ငြိမ်းချမ်းရေးလမ်းလျှောက်ကြွမြန်းသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို

Feb 14 • 4:57 AM

breaking-news

Myanmar

International

cover

အမေရိကန်ရောက် မြန်မာသံရုံးယာယီတာဝန်ခံက "Walk for Peace" ငြိမ်းချမ်းရေးလမ်းလျှောက်ကြွမြန်းသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမင်းထွန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှစတင်ကာ တက္ကဆက်ပြည်နယ်မှ ဝါရှင်တန်ဒီစီအထိ မိုင်ပေါင...

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမင်းထွန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှစတင်ကာ တက္ကဆက်ပြည်နယ်မှ ဝါရှင်တန်ဒီစီအထိ မိုင်ပေါင်း ၂,၃၀၀ ကျော် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြွမြန်းတော်မူခဲ့ကြသည့် "Walk for Peace" သံဃာတော်များအား သွားရောက်ဖူးမြော်ခဲ့သည်။ သံအမတ်ကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ အေးချမ်းသာယာစေရန် ရည်ရွယ်၍ ဦးဆောင်ဆရာတော် အရှင်ပညာကာရထံသို့ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးမြှင့်တင်ရန် ရည်ရွယ်သည့် အဆိုပါလမ်းလျှောက်ခရီးစဉ်သည် ယခုအခါ မြို့တော်ဝါရှင်တန်ဒီစီ၌ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

29