back

မြန်မာ့ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံနှင့် ဆက်လက်ဆွေးနွေး

Feb 14 • 4:48 AM

breaking-news

Myanmar

Local

cover

မြန်မာ့ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံနှင့် ဆက်လက်ဆွေးနွေး

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံဆိုင်ရာ အခမ်းအနားများတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်တိုးတ...

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံဆိုင်ရာ အခမ်းအနားများတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်တိုးတက်မှုများကို မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။ မြန်မာသံအမတ်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှုနှင့်အတူ လာမည့် မတ်လတတိယပတ်ခန့်တွင် လွှတ်တော်များ ခေါ်ယူကျင်းပရန် စီစဉ်နေမှု၊ ရွေးကောက်ခံ အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးအပ်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၎င်း၏ ဇန်နဝါရီလခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်မျှဝေခဲ့ပြီး၊ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံအနေဖြင့် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

news-view-count-icon

24