မြန်မာအာကာသအေဂျင်စီနှင့် ဘယ်လာရုစ်အစိုးရတက္ကသိုလ် (BSU) တို့သည် အာကာသနည်းပညာ၊ ပညာရေးနှင့် သိပ္ပံကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၁၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံအကြား ဂြိုဟ်တုနည်းပညာစီမံကိန်းများ၊ ရေဒါဆော့ဖ်ဝဲလ်နှင့် ဆက်သွယ်ရေးစနစ်များတွင် ပူးတွဲသုတေသနပြုခြင်း၊ ကျောင်းသားနှင့် ပညာရှင်များ အပြန်အလှန်လဲလှယ်ခြင်းနှင့် သင်တန်းများကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ဘယ်လာရုစ်အစိုးရတက္ကသိုလ်သည် ကိုယ်ပိုင်နာနိုဂြိုဟ်တုများ အောင်မြင်စွာလွှတ်တင်ထားသည့် အတွေ့အကြုံရှိတက္ကသိုလ်ဖြစ်ပြီး၊ ယခုပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အာကာသကဏ္ဍနှင့် နည်းပညာမြင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
Feb 14 • 4:46 AM
Myanmar
International
Share
| 57 | 0 | 0 | 0 |


