back

ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၉ သိန်းခွဲကျော် ပေးအပ်

Feb 14 • 4:49 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၉ သိန်းခွဲကျော် ပေးအပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် မြန်မာလုပ်သားတစ်ဦးအတွက် ရသင့်ရထိုက်သော နစ်နာကြေး စုစုပေါင်း ဘတ် ၉၇၀,၀၀၀ (ကိုးသိန်း ခုနစ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် မြန်မာလုပ်သားတစ်ဦးအတွက် ရသင့်ရထိုက်သော နစ်နာကြေး စုစုပေါင်း ဘတ် ၉၇၀,၀၀၀ (ကိုးသိန်း ခုနစ်သောင်း) ကို ဇနီးဖြစ်သူထံ ပေးအပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါလုပ်သားသည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကားတိုက်ခံရပြီး ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။နစ်နာကြေးပေးအပ်မှုအနေဖြင့် ယခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ထိုင်းအစိုးရ လူမှုဖူလုံရေးဌာနမှ အာမခံကြေး ဘတ် ၈၇၀,၀၀၀ ကို ပထမအကြိမ် ပေးအပ်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ လျော်ကြေးငွေ ဘတ် ၁၀၀,၀၀၀ ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

21