back

ဘင်္ဂလားဒေ့ရှ်အဝယ်ရပ်ဆိုင်းမှုကြောင့် ဧရာဝတီတိုင်းတွင် အုန်းသီးစျေးထိုးကျပြီး ကုန်သည်များ အရှုံးပေါ်နေ

Feb 14 • 2:29 AM

breaking-news

Myanmar

Local

cover

ဘင်္ဂလားဒေ့ရှ်အဝယ်ရပ်ဆိုင်းမှုကြောင့် ဧရာဝတီတိုင်းတွင် အုန်းသီးစျေးထိုးကျပြီး ကုန်သည်များ အရှုံးပေါ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်ရပ်ဆိုင်းသွားခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အုန်းသီးစျေးနှုန်းများ အဆမတန်ကျဆင်းနေပြီး ကုန်သည်များ အရှုံးနှင့် ရင်ဆို...

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်ရပ်ဆိုင်းသွားခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အုန်းသီးစျေးနှုန်းများ အဆမတန်ကျဆင်းနေပြီး ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယခင်နှစ်များက ဘင်္ဂလားဒေ့ရှ်ကုန်သည်များ၏ ဝယ်လိုအားကြောင့် အုန်းသီးတစ်လုံးလျှင် ၃,၀၀၀ ကျပ်အထိ စျေးကောင်းရခဲ့သော်လည်း ယခုနှစ်တွင် စျေးကွက်အတွင်း တစ်လုံးလျှင် ၁,၃၀၀ - ၁,၄၀၀ ကျပ်ခန့်သာ ရရှိတော့ကြောင်း ကုန်သည်များက ပြောကြားသည်။

လက်ရှိတွင် ပြည်ပတင်ပို့မှုမရှိတော့ဘဲ ပြည်တွင်းစားသုံးမှုနှင့် မုန့်စက်ရုံများ၏ အော်ဒါကိုသာ အားထားနေရသည့်အတွက် ကုန်သည်များမှာ အရှုံးသက်သာစေရန် အုန်းသားခွဲလှမ်းခြင်း၊ အုန်းသီးစိပ်ကြော်ထုတ်လုပ်ခြင်းနှင့် အုန်းခွံမီးသွေးဖုတ်ခြင်းတို့ကိုသာ ပြောင်းလဲလုပ်ကိုင်နေရကြောင်း သိရှိရပါသည်။

news-view-count-icon

58