back

ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေကျဆင်းမည်ဟုသတိပေးလာ

Feb 14 • 2:58 AM

breaking-news

Myanmar

Local

breaking-news
cover

ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေကျဆင်းမည်ဟုသတိပေးလာ

အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေ ကျဆင်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့မှာ (၁၆...

အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေ ကျဆင်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။

ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့မှာ (၁၆၄)စင်တီမီတာကိုရောက်ရှိနေကာ နောက်(၇)ရက်အတွင်း လက်ရှိရေအမှတ် အောက် ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး အဲဒီ့မြို့ရဲ့ ရေနည်းသတိပေးအမှတ်(၁၇၀)စင်တီမီတာအောက်မှာ ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ဆိုပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဒီနေ့တိုင်းတွာချက်တွေအရ မုံရွာမြို့မှာ (၁၀၀)စင်တီမီတာသို့ရောက်ရှိလာပါတယ်။အဲဒီ့မြစ်ရေ ဟာနောက်(၇)ရက်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး အဲဒီ့မြို့ရဲ့ ရေနည်းသတိပေးမှတ် (၁၀၀)စင်တီမီတာအောက်မှာဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။


news-view-count-icon

60