ဗဟိုဘဏ်သည် ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ အမြဲမပြတ် စောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး၊ ယခု ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက်ရှည်ကာလအတွင်း Internet Banking၊ Mobile Banking နှင့် ATM လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဘဏ်များအား ညွှန်ကြားထားကြောင်း သိရသည်။ အထူးသဖြင့် ATM များတွင် ငွေလုံလောက်စွာ ထည့်သွင်းထားရန်နှင့် နည်းပညာပိုင်းဆိုင်ရာ အစီအမံများ ပြင်ဆင်ထားရန် အလေးပေးဆောင်ရွက်ထားသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ငွေကြေးဈေးကွက် တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်သည့် ကောလာဟလ သတင်းမှားများကို သတိပြုရန်နှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။
Feb 14 • 2:06 AM
Myanmar
Local
Share
| 38 | 0 | 0 | 0 |


