back

ပြည်တွင်း၌ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံ

Feb 14 • 2:05 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံ

ပြည်တွင်း၌ ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်...

ပြည်တွင်း၌ ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ဘဏ်ငွေထုတ်ယူရာမှာ ရိုးရိုးအကောင့်အပြင် စပယ်ရှယ် အကောင့်တွေကအစ အရင်လို ငွေသားကို လိုသလောက် ထုတ်ယူလို့ မရတော့သလို အကန့်အသတ်နဲ့ ငွေသား အနည်းငယ်လောက်သာ ရတဲ့အတွက် လုပ်ငန်း လည်ပတ်ဖို့ အခက်ကြုံနေကြတာလည်းဖြစ်ပါတယ်။ အခုလို ငွေသား လိုသလောက် ထုတ်ယူလို့ မရတော့တာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေရဲ့ ညွှန်ကြားချက်ကြောင့်လို့ သိရပါတယ်။

ပြည်တွင်း စီးပွားရေး နယ်ပယ်မှာ ဒေါ်လာနဲ့ ရွှေအပါအဝင် ဈေးကွက်အတွင်း ဈေးကစားတဲ့ နေရာသို့ ငွေကြေးတွေ မရောက်စေဖို့အတွက် ငွေသား ထုတ်ယူမှုတွေကို ကန့်သတ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။စီးပွားလုပ်ငန်းရှင် တစ်ဦးကတော့ ဘဏ်တွေမှာ ငွေသားတွေ လိုသလောက် ထုတ်ယူလို့မရတာကြောင့် ငွေသားနဲ့ အရောင်းအဝယ် ပြုလုပ်နေရတဲ့ အသေးစား လုပ်ငန်းတွေကအစ အခက်အခဲ ဖြစ်ရပါတယ်။


news-view-count-icon

69