မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ကို ဗဟိုပြု၍ ဖေဖော်ဝါရီ ၁၃ ရက် ည ၆ နာရီ ၅၃ မိနစ်အချိန်ခန့်တွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အဆိုပါငလျင်သည် ပုသိမ်ကြီးမြို့၏ မြောက်-အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၊ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၃.၀ အဆင့် ရှိခဲ့ခြင်းဖြစ်သည်။ ပုသိမ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ရစ်ခ်တာစကေး ၃.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသဖြင့် ယခုလအတွင်း ဒုတိယအကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Feb 14 • 2:02 AM
Myanmar
Mandalay
Share
| 18 | 0 | 0 | 0 |


