ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်ရှိ မြန်မာအလုပ်သမား ၆၃ ဦးသည် အီလက်ထရောနစ်စက်ရုံ၌ အလုပ်သွင်းပေးမည်ဟုဆိုကာ ပွဲစားလင်မယားဖြစ်သူ Pyae Phyo Paing နှင့် Phoo Zin တို့ထံတွင် တစ်ဦးလျှင် ၈,၅၀၀ ဘတ်နှုန်းဖြင့် စုစုပေါင်း ဘတ် ၅၃၅,၅၀၀ လိမ်လည်ခံခဲ့ရပြီး၊ အဆိုပါပွဲစားများမှာ ငွေကြေးများယူဆောင်ကာ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နစ်နာသူအလုပ်သမားများသည် ၎င်းတို့၏ငွေကြေးများ ပြန်လည်ရရှိရန်နှင့် လိမ်လည်သူများကို အရေးယူနိုင်ရန်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် ချိတ်ဆက်ကာ ထိုင်းဌာနဆိုင်ရာရုံးများ၌ အမှုဖွင့်တိုင်ကြားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Feb 13 • 6:22 AM
Thailand
Local News
Share
| 32 | 0 | 0 | 0 |


