ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက်ရှည်ကာလအတွင်း အနယ်နယ်အရပ်ရပ်သို့ ခရီးသွားလာသူ များပြားသဖြင့် လမ်းတံတားအသုံးပြုခကောက်ခံသည့် Toll Plaza များတွင် ယာဉ်ကြောကြန့်ကြာမှုများ ရှိနိုင်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ပါက ခရီးသွားပြည်သူများအနေဖြင့် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway မှ မေတ္တာရပ်ခံထားသည်။ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် ဘေးကင်းချောမွေ့စေရန်အတွက် ကုမ္ပဏီဘက်မှ ကြိုတင်စီမံထားရှိပြီးဖြစ်ကာ၊ ခရီးသွားများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အလေးထားလိုက်နာ၍ ဂရုတစိုက်မောင်းနှင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်။
ပိတ်ရက်ရှည်အတွင်း လမ်းအသုံးပြုသူများအနေဖြင့် Toll Plaza များ၌ ပူးပေါင်းဆောင်ရွက်ပေးရန် Max Highway မေတ္တာရပ်ခံ
Feb 13 • 3:37 AM
Myanmar
Local
Share
| 46 | 0 | 0 | 0 |


