back

မြန်မာနိုင်ငံတွင် ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့

Feb 13 • 3:35 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံတွင် ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်...

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း စုစုပေါင်း တန်ချိန် ၂.၃ သန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော် ရရှိထားပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားချက်ကို ပြည့်မီရန် ကြိုးပမ်းလျက်ရှိသည်။ ဆန်ကို မဒါဂတ်စကား၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ပြီး ဆန်ကွဲကိုမူ တရုတ်နှင့် ဥရောပနိုင်ငံများဖြစ်သည့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံများသို့ အဓိကတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

31