back

ရှမ်းပြည် မောက်မယ်မြို့နယ် နားဟီးကျေးရွာရှိ စစ်ဘေးရှောင် ၁,၂၀၀ နီးပါးအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေ

Feb 13 • 3:30 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည် မောက်မယ်မြို့နယ် နားဟီးကျေးရွာရှိ စစ်ဘေးရှောင် ၁,၂၀၀ နီးပါးအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ နားဟီးကျေးရွာသို့ တိမ်းရှောင်လာကြသည့် ကဒူကြီးဒေသနှင့် ဗန်းမက်ကျေးရွာများမှ စစ်ဘေးရှောင်အိမ်ထောင်စု ၂၀၀ ကျော် (လူဦးရေ ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ နားဟီးကျေးရွာသို့ တိမ်းရှောင်လာကြသည့် ကဒူကြီးဒေသနှင့် ဗန်းမက်ကျေးရွာများမှ စစ်ဘေးရှောင်အိမ်ထောင်စု ၂၀၀ ကျော် (လူဦးရေ ၁,၂၀၀ နီးပါး) အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ လက်ရှိ ရာသီအကူးအပြောင်းကာလတွင် စစ်ဘေးရှောင်များအကြား ရာသီတုပ်ကွေးနှင့် ဖျားနာသူများပြားနေသော်လည်း ဒေသတွင်း ဆေးကုသပေးမည့် ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်မှုကြောင့် အခက်ကြုံတွေ့နေရခြင်းဖြစ်သည်။ ကျန်းမာရေးအကူအညီများအပြင် စားနပ်ရိက္ခာ၊ အခြေခံဆေးဝါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် နေရာထိုင်ခင်းများလည်း လိုအပ်လျက်ရှိသည်။ 

news-view-count-icon

39