ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ကာလကျေးရွာတွင် ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အိပ်ပျော်နေသည့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး မီးထဲပါကာ သေဆုံးသွားခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုမှာ ကျေးရွာအတွင်း လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ထွန်းညှိထားသော ဖယောင်းတိုင်မီးမှတစ်ဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ဖခင်ဖြစ်သူ အိမ်ပြင်ထွက်နေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း နေအိမ်တစ်လုံးလုံး ပျက်စီးသွားခဲ့ပြီး လက်ရှိတွင် ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ပင်ကာလကျေးရွာသည် ၂၀၂၅ ခုနှစ် မတ်လအတွင်းကလည်း ငလျင်ဒဏ်ကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ဖူးသည့် ကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။
Feb 13 • 3:32 AM
Myanmar
Shan
Share
| 22 | 0 | 0 | 0 |


