ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများနှင့် MSME ဈေးရောင်းပွဲတော်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် လာရောက်လည်ပတ်သူများအား စတုဒိသာအဖြစ် ကြက်ဥကြာဇံကြော် ဘူးတစ်သောင်းကို ကျွေးမွေးလှူဒါန်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် နံနက်ပိုင်းတွင် ၅,၀၀၀ ဘူးနှင့် ညနေပိုင်းတွင် ၅,၀၀၀ ဘူး ခွဲခြား၍ စနစ်တကျ ဝေငှခဲ့ခြင်းဖြစ်ပြီး၊ ပွဲတော်ကျင်းပရာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ၄ ရက်စလုံးတွင် စတုဒိသာများ ဆက်လက်ကျွေးမွေးသွားမည်ဖြစ်သည်။ ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ပါဝင်ပြသထားသည့် အဆိုပါပွဲတော်သို့ လာရောက်မည့် ပြည်သူများအတွက် YBS အကြိုအပို့ယာဉ်များကိုလည်း စီစဉ်ပေးထားကြောင်း သိရှိရပါသည်။
Feb 13 • 3:28 AM
Myanmar
Yangon
Share
| 28 | 0 | 0 | 0 |


