back

မိခင်မှကလေးသို့ ဘီပိုးကူးစက်မှု ကာကွယ်ရန် ဗဟိုအမျိုးသမီးဆေးရုံကြီး ၃ ခု၌ ကုသမှုများ စတင်တော့မည်

Feb 13 • 3:26 AM

breaking-news

Myanmar

Local

cover

မိခင်မှကလေးသို့ ဘီပိုးကူးစက်မှု ကာကွယ်ရန် ဗဟိုအမျိုးသမီးဆေးရုံကြီး ၃ ခု၌ ကုသမှုများ စတင်တော့မည်

မိခင်မှတစ်ဆင့် ကလေးငယ်ထံသို့ HIV၊ ဆစ်ဖလစ်နှင့် အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှု ကင်းဝေးစေရန် (Triple Elimination) ကျန်းမာရေးဝန်ကြီးဌာနက အထူးဦးတည်ဆောင်ရွက်လျ...

မိခင်မှတစ်ဆင့် ကလေးငယ်ထံသို့ HIV၊ ဆစ်ဖလစ်နှင့် အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှု ကင်းဝေးစေရန် (Triple Elimination) ကျန်းမာရေးဝန်ကြီးဌာနက အထူးဦးတည်ဆောင်ရွက်လျက်ရှိရာ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ စစ်ဆေးကုသမှုများကို ကနဦးအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး ၃ ခုတွင် လာမည့် ဧပြီလမှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောကြားခဲ့သည်။ အဆိုပါဆေးရုံကြီးများတွင် ကိုယ်ဝန်ဆောင်မိခင်များကို ဘီပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ပိုးတွေ့ရှိပါက ပိုးကောင်ရေ စစ်ဆေးပေးခြင်းနှင့် လိုအပ်သော ဆေးကုသမှုများ ပေးအပ်ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဤစီမံချက်သည် ၂၀၃၀ ပြည့်နှစ်တွင် မိခင်မှကလေးသို့ ကူးစက်တတ်သော ရောဂါများ ပပျောက်စေရန် ရည်ရွယ်သည့် Triple Elimination of MTCT လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နေပြည်တော်၌ ပြုလုပ်သော ညှိနှိုင်းဆွေးနွေးပွဲအရ သိရှိရပါသည်။

news-view-count-icon

35