back

တာချီလိတ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြီး ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

Feb 13 • 3:12 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြီး ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင်  ပေးပို့သည့် သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက ဖတ်ကြားခဲ့ပြီး၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက နိုင်ငံတော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသူ ၂ ဦး၊ ပြည်နယ်အဆင့် ဘာသာ၊ သာသနာနှင့် လူမှုထူးချွန်ဆုရရှိသူ ၁၄ ဦးနှင့် လူမှုရေးအသင်းအဖွဲ့ ၂ ဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ထပ်ဆင့်ချီးမြှင့်ခဲ့ကြသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

20