back

ဟိုင်းကြီးကျွန်းရှိ သမိုင်းဝင် မော်တင်စွန်းဘုရားပွဲကို ၁၅ ရက်ကြာ ကျင်းပရန် ပြင်ဆင်နေသော်လည်း လုံခြုံရေးတင်းကျပ်ထား

Feb 13 • 3:14 AM

breaking-news

Myanmar

Ayeyarwady

cover

ဟိုင်းကြီးကျွန်းရှိ သမိုင်းဝင် မော်တင်စွန်းဘုရားပွဲကို ၁၅ ရက်ကြာ ကျင်းပရန် ပြင်ဆင်နေသော်လည်း လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ သမိုင်းဝင် မော်တင်စွန်းဘုရားပွဲတော် ကို ယခုနှစ်တွင် ဖေဖော်ဝါရီ ၁၆ ရက် (တပေါင်းလဆန်း ၁ ရက်) မှ ...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ သမိုင်းဝင် မော်တင်စွန်းဘုရားပွဲတော် ကို ယခုနှစ်တွင် ဖေဖော်ဝါရီ ၁၆ ရက် (တပေါင်းလဆန်း ၁ ရက်) မှ မတ် ၂ ရက် (တပေါင်းလပြည့်) အထိ ၁၅ ရက်ကြာ စည်ကားစွာကျင်းပရန် တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြင်ဆင်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က တိုက်ပွဲများကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ရသော်လည်း ယခုနှစ်တွင် သဲဖြူဆရာတော်နှင့် ကျိုက်ထီးဆောင်းဆရာတော်တို့ ကြွရောက်မည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော်လည်း နယ်မြေအခြေအနေအရ လုံခြုံရေးကို အထူးတိုးမြှင့်ထားပြီး ကုန်းလမ်း၊ ရေလမ်းနှင့် စေတီပတ်ဝန်းကျင်တို့တွင် စစ်ဆေးရေးဂိတ်များစွာ ချထားကြောင်း သိရသည်။ ထို့အပြင် တည်းခိုဆောင်များနှင့် ဆိုင်ခန်းများ ဆောက်လုပ်ခွင့်ကိုလည်း ယခင်ကထက် ပိုမိုတင်းကျပ်သော လုပ်ထုံးလုပ်နည်းများဖြင့် စိစစ်နေသဖြင့် ယနေ့အထိ အချို့သော ဝန်ဆောင်မှုလုပ်ငန်းများမှာ အကောင်အထည်မဖော်နိုင်သေးဘဲ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

news-view-count-icon

24