စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ခန္တီးခရိုင်ပြည်သူ့ဆေးရုံအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၅၀) အသုံးပြုကာ ဆေးရုံဥပဓိရုပ်ကောင်းမွန်လာစေရန်အတွက် ပြုပြင်မွမ်းမံလျက်ရှိသည်။ အဆိုပါမွမ်းမံခြင်းလုပ်ငန်းတွင် ဆေးရုံဝင်းခြံစည်းရိုးနှင့် အဆောက်အဦးအတွင်း၊ အပြင် ဆေးသုတ်ခြင်းလုပ်ငန်းများကို "ဆွေသားရင်း" ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များက လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Feb 13 • 3:09 AM
Myanmar
Sagaing
Share
| 26 | 0 | 0 | 0 |


