ရန်ကုန်မြို့၊ အောက်ပုဇွန်တောင်လမ်းမကြီးပေါ်တွင် မိခင်ဖြစ်သူ၏ အကြမ်းဖက်ရိုက်နှက်ခြင်းခံခဲ့ရသည့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်နှင်းဝေက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါ်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကလေးငယ်အား မိခင်ဖြစ်သူက လမ်းမပေါ်တွင် ကိုင်ပေါက်နှိပ်စက်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်တင်ခဲ့ခြင်းဖြစ်ပြီး၊ ကလေးငယ်က မိခင်နှင့်အတူ ဆက်မနေလိုတော့ကြောင်း ပြောကြားခဲ့သဖြင့် ခိုင်နှင်းဝေက ၎င်း၏ရင်ခွင်ရိပ်မြုံဂေဟာသို့ ခေါ်ယူကာ ကျန်းမာရေးနှင့် ပညာရေးအတွက် တာဝန်ယူစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိတွင် အဆိုပါမိခင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တာဝန်ရှိသူများက ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Feb 13 • 3:08 AM
Myanmar
Yangon
Share
| 51 | 0 | 0 | 0 |


