ရှေးဦးအရွယ် ကလေးသူငယ်ကာလသည် ကိုယ်ဝန်ဆောင်စဉ်မှ အသက်ရှစ်နှစ်အရွယ်အထိပါဝင်ပြီး လူသားဖွံ့ဖြိုးမှု၏ အစောပိုင်းကာလများဖြစ်သောကြောင့် ကလေးသူငယ်များအား မှန်ကန်သော ပြုစုပျိုးထောင်မှု စနစ်တကျဆောင်ရွက်ပေးရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကပြောသည်။အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ခြင်း လည်း ဖြစ်သည်။ကိုယ်ဝန်ဆောင်ကာလမှ ကလေးအသက် နှစ်နှစ်အထိ ရက် ၁,၀၀၀ အတွင်း အာဟာရထောက်ပံ့မှုများလိုအပ်နေပါတယ်။



