နယ်စပ်ဒေသများ ၌ တရားမ၀င်၀င်ရောက်ပြီး အွန်လိုင်းလောင်းကစားမှု၊ လိမ်လည်မှုများ လုပ်ဆောင်သည့်လုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသားများ ကို စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ဖေဖေါ်ဝါရီ ၁၁ ရက်အထိ တစ်နှစ်ကျော်အတွင်း မြဝတီမြို့နယ်အတွင်း သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၂၀၀ ကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ လူဦးရေများမှ ၁၃,၁၁၇ ဦး ကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ထားခြင်းလည်း ဖြစ်သည်။ယမန်နေ့ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က မြ၀တီမြို့နယ် အတွင်း သို့ တရားမ၀င်၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၅ ဦး၊ဘူရွန်ဒီနိုင်ငံသား ၂ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦး ၊ရဝမ်ဒါ နိုင်ငံသား ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး နှင့် ယူဂန္ဓာနိုင်ငံသား တစ်ဦး စုစုပေါင်း ၂၂ ဦး ကိုလည်း ထပ်မံဖော်ထုတ်ဖမ်းဆီးထားနိုင်ခဲ့ကြောင်း သိရသည်။



