ယူအေအီးနိုင်ငံရှိ ဖက်ဒရယ်အစိုးရ ဝန်ထမ်းများအတွက်လာမည့် ၂၀၂၆ ခုနှစ်၊ ရာမာဒန် (Ramadan) ဥပုသ်လအတွင်း အလုပ်ချိန်လျှော့ချပေးမည့် အစီအစဉ်ကို လူသားအရင်းအမြစ်နှင့် နိုင်ငံသားပြုမှုဆိုင်ရာ ဖက်ဒရယ်အာဏာပိုင်အဖွဲ့ (FAHR) က ယမန်နေ့ည၌ တရားဝင်ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်အရ အစိုးရရုံးများကို တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိသာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ သောကြာနေ့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အလုပ်လုပ်ရမည်ဖြစ်သည်။ ထို့အပြင် ဝန်ထမ်းများအနေဖြင့် သောကြာနေ့များတွင် နေအိမ်မှ အလုပ်လုပ်ခြင်း (Remote working) ကိုလည်း ခွင့်ပြုပေးထားပြီး၊ လုပ်ငန်းသဘာဝအရ ဖြစ်နိုင်ပါက ရာမာဒန်ကာလအတွင်း ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်ချိန် (Flexible working hours) စနစ်ကို ကျင့်သုံးနိုင်ကြောင်း သိရသည်။
Feb 12 • 7:12 AM
UAE
Local News
Share
| 7 | 0 | 0 | 0 |


