back

ရန်ကုန်ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော် (၄) ရက်တိုင် ကျင်းပမည်

Feb 12 • 5:03 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော် (၄) ရက်တိုင် ကျင်းပမည်

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေး...

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာသည့်ဧည့်သည်‌တော်များသည် ခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်ထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်း နှင့် MSME ဈေးရောင်းခန်းများ စုစုပေါင်း (၃၅၀) ပါဝင်ကြောင်း သိရသည်။


news-view-count-icon

63