back

ငလျင်ဒဏ်လှုပ်ခံမှုများကြုံကာ မန္တလေးအထပ်မြင့်တိုက်ခန်းဈေးကျဆင်းလျက်ရှိနေ

Feb 12 • 4:59 AM

breaking-news

Myanmar

Mandalay

breaking-news
cover

ငလျင်ဒဏ်လှုပ်ခံမှုများကြုံကာ မန္တလေးအထပ်မြင့်တိုက်ခန်းဈေးကျဆင်းလျက်ရှိနေ

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း နောက်ဆက်တွဲငလျင်ဒဏ်များနေ့စဉ်နှင့်အမျှ လှုပ်ခတ်နေခြင်းကြောင့် အထပ်မြင့်တိုက်ခန်းဈေးများမှာ ဆက်တိုက်ကျဆင်းလာနေကြောင်း အိမ်ခြံ...

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း နောက်ဆက်တွဲငလျင်ဒဏ်များနေ့စဉ်နှင့်အမျှ လှုပ်ခတ်နေခြင်းကြောင့် အထပ်မြင့်တိုက်ခန်းဈေးများမှာ ဆက်တိုက်ကျဆင်းလာနေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များမှ သိရသည်။ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစ၍ ပျမ်းမျှတစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ငလျင်ဒဏ်ခံခဲ့ရပြီးနောက် အထပ်မြင့်တိုက်ခန်းများပေါ် ဆက်လက်နေထိုင်လိုခြင်းမရှိသူအချို့က ပေါက်ဈေးမှဈေးချကာရောင်းလာကြခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။“ငလျင်ကဆက်တိုက်လှုပ်နေတော့ အထပ်မြင့်သမားတွေ တအားဒုက္ခရောက်ကြတယ်၊ နေ့လည်းနေ့မို့လို့ ညလည်းညမို့လို့ အိပ်ကောင်းခြင်းမအိပ်ရ စိတ်အေးလက်အေးနဲ့မနေနိုင်တဲ့ ဘ၀တွေဖြစ်ကုန်တာ၊ တချို့က တိုက်ခန်းရောင်းပြီး အစွန်အဖျားနေရာလေးတွေသွားနေချင်ကြတယ်၊ ပေါက်ဈေးနဲ့ရောင်းမထွက်တော့ ဈေးချရောင်းလာကြတာ” ဟု အကျိုးဆောင်တစ်ဦးက ပြောသည်။ယခင်က ပေါက်ဈေး (ပုံမှန်အရောင်းအ၀ယ်ဖြစ်နေသည့်ဈေးတန်း) ကျပ်သိန်း (၁,၀၀၀)တန်ကြေးရှိသည့် အိမ်ရာတိုက်ခန်း တစ်ခန်းကို လက်ရှိတွင် ကျပ်သိန်း(၈၀၀)၀န်းကျင်ဖြင့် ဈေးချရောင်းသော် လည်း ဝယ်သူရှားကာ စိတ်ဝင်စားသူ မရှိသလောက်ဖြစ်နေကြောင်း သိရသည်။မန္တလေးမြို့တွင် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီ ၈ ရက် အထိကာလအတွင်း ပျမ်းမျှတစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်နှုန်းဖြင့် ငလျင်လှုပ်ခတ်မှုကြုံနေရပြီး မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ငလျင်သတင်းများအရ ယနေ့အထိ နောက်ဆက်တွဲငလျင် (၂၇၅)ကြိမ် လှုပ်ခတ်ထားကြောင်း သိရသည်။

news-view-count-icon

35