back

မန္တလေးမြို့အတွင်း မောင်းနှင်ခွင့်မပြုလမ်းများသို့ ဝင်ရောက်သည့်သုံးဘီးယာဉ်များကို ပြန်လည်ဖမ်းဆီးအရေးယူ

Feb 12 • 3:29 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့အတွင်း မောင်းနှင်ခွင့်မပြုလမ်းများသို့ ဝင်ရောက်သည့်သုံးဘီးယာဉ်များကို ပြန်လည်ဖမ်းဆီးအရေးယူ

ယခုရက်ပိုင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မောင်းနှင်ခွင့်မပြုသည့် လမ်းကြောင်းများ၌ ဝင်ရောက်ပြေးဆွဲနေသော ခရီးသည်တင်သုံးဘီးယာဉ်ငယ်(မီနီအို...

ယခုရက်ပိုင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မောင်းနှင်ခွင့်မပြုသည့် လမ်းကြောင်းများ၌ ဝင်ရောက်ပြေးဆွဲနေသော ခရီးသည်တင်သုံးဘီးယာဉ်ငယ်(မီနီအိုးဝေ)များကို ဖမ်းဆီးအရေးယူမှုများ အရှိန်အဟုန်မြှင့် ပြန်လည်ပြုလုပ်လျက်ရှိသည်။မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်ကာ ခရီးသည်တင်သုံးဘီးယာဉ်ငယ်များ ဝင်ရောက်မောင်းနှင်ခွင့်မပြုသည့်လမ်းကြောင်းများကို မြိုတော်စည်ပင်၊ အခွန်ဌာနမှ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။အဆိုပါ လမ်းကြောင်းများမှာ ကျုံးတောင်ဘက် ၂၆လမ်း‌ပေါ် ၆၆လမ်းမှ ၈၆လမ်းအထိ၊ သိပ္ပံလမ်းပေါ် ၆၆လမ်းမှ ၇၈လမ်းအထိ၊ ကျုံးအရှေ့ဘက် ၆၆လမ်း‌ပေါ် ၁၂လမ်းမှ ၂၇လမ်းအထိ၊ ၇၃လမ်းပေါ် ၂၆လမ်းမှ ၃၅လမ်းအထိ၊ ၇၈လမ်းပေါ် ၂၆လမ်းမှ သိပ္ပံလမ်းအထိ(၂၈လမ်းမှ ၃၂လမ်းအထိ မောင်းနှင်ခွင့်ပြုသည်)၊ လမ်း၈၀ပေါ် ၁၂လမ်းမှ ၂၆လမ်းအထိ၊ ၈၄လမ်းပေါ် ၂၆လမ်း မှ ၃၅လမ်းအထိနှင့် မန္တလေးတောင်အတက်၊ အဆင်းလမ်းတို့ ဖြစ်ပါသည်။

news-view-count-icon

45