ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ (Non-Immigrant ED Plus) ဗီဇာအမျိုးအစားဖြင့် နိုင်ငံခြားသားကျောင်းသားများ ပညာသင်ကြားနေစဉ်အတွင်း အလုပ်လုပ်ကိုင်ခွင့် ရရှိမည့် အစီအစဉ် အပါအဝင်ရေရှည်နေထိုင်သူများကို ဆွဲဆောင်နိုင်သည့် ဘက်စုံဗီဇာမူဝါဒကိုအတည်ပြုလိုက်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်၊ ရေရှည်နေထိုင်သူများကို ဆွဲဆောင်ရန်နှင့် စီးပွားရေးကို လှုံ့ဆော်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က တင်သွင်းလာသော ဘက်စုံဗီဇာမူဝါဒကို ယမန်နေ့ အင်္ဂါနေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သိရသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ အိုင်ယာရင် ဖန်ရစ်၏ ပြောကြားချက်အရ အဆိုပါအစီအမံများသည် ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးသွားများ၊ အဝေးရောက် အလုပ်လုပ်ကိုင်သူများ (Remote workers) နှင့် ရေရှည်နေထိုင်သူများအတွက် ပိုမိုဆွဲဆောင်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ထိုင်းအစိုးရသည် နိုင်ငံပေါင်း ၉၃ နိုင်ငံမှ နိုင်ငံသားများကို ရက်ပေါင်း ၆၀ အထိ ဗီဇာကင်းလွတ်ခွင့် ပေးထားပြီး၊ နိုင်ငံနှင့် နယ်မြေ ၃၁ ခုအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - VoA) စနစ်ကို တိုးချဲ့ကျင့်သုံးလျက်ရှိကြောင်း ဖော်ပြသည်။ 
Feb 12 • 3:31 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


