ထိုင်းနိုင်ငံရဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Chuan Leekpai ဟာ ထိုင်းလွှတ်တော်နဲ့ နိုင်ငံရေးလောကရဲ့ သက်တမ်းအရှည်ဆုံး အမတ်တစ်ဦးဖြစ်လာပါတယ်။ သူဟာ ဒီမိုကရက်ပါတီဝင် အမတ်ဖြစ်ပြီး အခု ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ အမတ် ၁၂ ယောက် ဒီမိုကရက်ပါတီကနေ ရွေးကောက်ခံရတဲ့အထဲ သူပါပါလာတာပါ။ သူဟာ အမတ်အဖြစ် ၁၇ ကြိမ်၊ စုစုပေါင်း ၅၆ နှစ်၊ ၁၀ လနဲ့ ၂ ရက်ကြာ ရွေးကောက်ပွဲကိုတစ်ခါမှ ရှုံးနိမ့်တာမရှိ ပြည်သူချစ် အမတ်တစ်ဦးပါ။ Chuan ဟာ ထိုင်းနိုင်ငံရေးလောကမှာ အရေးပါသူဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ်နဲ့ အစိုးရ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း ထမ်းဆောင်ဖူးသူပါ။ အရမ်းကို အားကျစရာကောင်းပြီး ပြည်သူချစ်တဲ့ အမတ်ဆိုတာ ဘယ်တော့မှ မရှုံးဘူးဆိုတာလည်း သက်သေပါပဲ။



