back

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်ကပင်လယ်ပြင်မှာ ရေလုပ်သားငါးယောက်ပါ ငါးဖမ်းလှေတစ်စီး ပျောက်ဆုံးနေ

Feb 12 • 3:27 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်ကပင်လယ်ပြင်မှာ ရေလုပ်သားငါးယောက်ပါ ငါးဖမ်းလှေတစ်စီး ပျောက်ဆုံးနေ

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်မှာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားတဲ့ ဒေသခံရေလုပ်သားငါးယောက်ပါဝင်တဲ့ ငါးဖမ်းလှေတစ်စီးဟာ ခြောက်ရက်တိုင် ပျောက်ဆုံးနေပြီး အဆက်အသွယ်မရ...

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်မှာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားတဲ့ ဒေသခံရေလုပ်သားငါးယောက်ပါဝင်တဲ့ ငါးဖမ်းလှေတစ်စီးဟာ ခြောက်ရက်တိုင် ပျောက်ဆုံးနေပြီး အဆက်အသွယ်မရရှိဘဲဖြစ်နေတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာက ဦးလူပုတို့သားဖနှစ်ယောက်အပါအဝင် ငါးဖမ်းသမားလေးယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပင်လယ်ပြင်သို့ လုပ်ငန်းခွင်ဝင်ဖို့ ထွက်ခွာသွားခဲ့ပေမဲ့ မနေ့ ဖေဖော်ဝါရီလ ၁၁ ရက်အထိ တစ်စုံတစ်ရာ အဆက်အသွယ် မရရှိသေးဘူးလို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။ပျောက်ဆုံးနေမှုနဲ့ပတ်သက်လို့ ဒေသတွင်းက တခြားငါးဖမ်းလှေတွေနဲ့ ပင်လယ်ပြင်အတွင်း လိုက်လံရှာဖွေမှုတွေပြုလုပ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ဆိုပါတယ်။မိသားစုဝင်တစ်ယောက်က "ပင်လယ်ထွက်သွားတာ ၅ ရက်၊ ၆ ရက် ရှိနေပါပြီ၊ အခုထိ အဆက်အသွယ်မရတော့ အိမ်ကလူတွေ အားလုံး စိတ်ပူနေကြပါတယ်။ တခြားဘုတ်တွေနဲ့ လိုက်ရှာတာလည်း မတွေ့သေးဘူးဖြစ်နေတယ်"လို့ ပြောပါတယ်။

news-view-count-icon

23