back

ဆိုမာလီယာ၌ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပြီးအိန္ဒိယသမုဒ္ဒရာကမ်းစပ်သို့ ထိုးဆင်းခဲ့‌ေပမဲ့ခရီးသည်အားလုံး ကယ်ထုတ်နိုင်

Feb 12 • 2:19 AM

breaking-news

Myanmar

International

cover

ဆိုမာလီယာ၌ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပြီးအိန္ဒိယသမုဒ္ဒရာကမ်းစပ်သို့ ထိုးဆင်းခဲ့‌ေပမဲ့ခရီးသည်အားလုံး ကယ်ထုတ်နိုင်

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော် အေဒင်အက်ဘ်ဒူလ် နိုင်ငံတကာလေဆိပ်၌ ဖေဖော်ဝါရီ ၁၀ရက်က ခရီးသည်တင် လေယာဉ်တစ်စင်း ပြေးလမ်းချော်ထွက် ၍အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ ရေ...

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော် အေဒင်အက်ဘ်ဒူလ် နိုင်ငံတကာလေဆိပ်၌ ဖေဖော်ဝါရီ ၁၀ရက်က ခရီးသည်တင် လေယာဉ်တစ်စင်း ပြေးလမ်းချော်ထွက် ၍အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ ရေစပ်ထဲသို့ထိုးကျခဲ့ရကြောင်း သိရသည်။သို့ရာတွင် အထက်ပါဖြစ်စဉ်အတွင်း မည်သူတစ်ဦးတစ်ယောက်မျှထိအခိုက်မရှိခဲ့ဘဲ ခရီးသည်နှင့် လေယာဉ်အမှုထမ်းအားလုံးကို ဘေးမသီရန်မခ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဆိုမာလီယာ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ဆိုမာလီယာအခြေစိုက် စတားစကိုင်း လေကြောင်းလိုင်းပိုင် အဆိုပါခရီးသည်တင် လေယာ ဉ်သည် အေဒင်အက်ဘ်ဒူလ် နိုင်ငံတကာလေဆိပ်မှပျံတက်ခဲ့ပြီး ၁၅ မိနစ်အကြာတွင် စက်ပိုင်း ဆိုင်ရာ ပြဿနာတစ်ရပ်ကြောင့်နောက်ကြောင်း ပြန်လှည့်၍ အရေးပေါ်ဆင်းသက် ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုမာလီယာ တာဝန်ရှိသူများက ပြောကြားထားသည်။ခရီးသည် ၅၀ နှင့် လေယာဉ် အမှုထမ်း ငါးဦးလိုက်ပါလာသော ဖော် ကာ-၅၀ အမျိုးအစား ၎င်းခရီးသည်တင်လေယာဉ်သည် အရေးပေါ်ဆင်းသက်စဉ်ပြေးလမ်းချော်ထွက်၍ အိန္ဒိယ သမုဒ္ဒရာကမ်းခြေ ရေစပ်သို့ ထိုးဆင်းခဲ့ရခြင်းဖြစ်သည်။ဖြစ်စဉ်အတွင်း လေယာဉ်ထိခိုက်ပျက်စီးခဲ့ရသော်လည်း ခရီးသည်အားလုံးနှင့် လေယာဉ် အမှုထမ်းများ ဘေးကင်းခဲ့ကြကြောင်းသိရသည်။လေယာဉ်မှူးအနေဖြင့် ခေါင်းအေးအေးဖြင့် ဆုံးဖြတ်နိုင်ခဲ့ခြင်းကြောင့်ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ အသက်ဘေးကင်းလွတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုမာလီယာတာဝန်ရှိသူများက ပြောကြားသည်။


news-view-count-icon

25