back

ဂျပန်တွင် ၃ ပတ်ဆက် ဆိုးရွားစွာ နှင်းကျမှုကြောင့် အနည်းဆုံး ၄၆ ဦး သေဆုံးခဲ့

Feb 12 • 2:25 AM

breaking-news

Japan

Local News

cover

ဂျပန်တွင် ၃ ပတ်ဆက် ဆိုးရွားစွာ နှင်းကျမှုကြောင့် အနည်းဆုံး ၄၆ ဦး သေဆုံးခဲ့

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက် ကတည်းက ဂျပန်နိုင်ငံတွင် နှင်းများ သည်းထန်စွာ ကျဆင်းနေခြင်းကြောင့် လမ်းများ၊ နေအိမ်အမိုးများပေါ် စုပုံအေးခဲနေသည့် ရေခဲများဖြင့် ဖုံးလ...

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက် ကတည်းက ဂျပန်နိုင်ငံတွင် နှင်းများ သည်းထန်စွာ ကျဆင်းနေခြင်းကြောင့် လမ်းများ၊ နေအိမ်အမိုးများပေါ် စုပုံအေးခဲနေသည့် ရေခဲများဖြင့် ဖုံးလွှမ်းနေကာ သေဆုံးသူ အနည်းဆုံး ၄၆ ယောက် ရှိလာခဲ့ပြီဟု ဂျပန်မီးဘေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၀ ရက်၌ ထုတ်ပြန် ခဲ့သည်။နှင်းများသည် ဂျပန်ပင်လယ်ကမ်းရိုးတန်း ဒေသတစ်လျှောက်နှင့် နိုင်ငံမြောက်ပိုင်း ဒေသများတွင် အဆိုးရွားဆုံး ကျဆင်းနေကာ ဒေသတွင်း ဗဟိုချက်မြို့ဖြစ်သည့် အာအိုမိုရီ၌ နှင်းထုသည် ၁ ဒသမ ၃ မီတာ (၄ ပေကျော်) မြင့်တက်နေသဖြင့် လမ်းများဖုံးအုပ်ပြီး အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ မလာနိုင်ဘဲ သေဆုံးမှုများသည် နေ့စဉ် အကြောင်းအမျိုးမျိုးဖြင့် တိုးမြင့်နေကာ ခေါင်းမိုးပေါ် တင်နေသည့် ရေခဲထုများ ပြိုကျပိမိခြင်း၊ အမိုးပေါ်မှ ရေခဲထုအား တက်ဖြိုချရာမှ ပြုတ်ကျသေဆုံးခြင်း စသည့် မတော်တဆမှုများစွာဖြင့် အမျိုးမျိုး သေဆုံးနေရာမှ နိုင်ငံတစ်ဝန်း အနည်းဆုံး ၄၆ ဦိး သေဆုံးကာ ၅၄၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။နိုင်ငံအနောက်မြောက်ပိုင်း အကျဆုံး နီဂါတာစီရင်စုတွင် နှင်းဖုံးလွှမ်းမှုဒဏ် အဆိုးရွားဆုံး ကျရောက်ကာ သေဆုံးသူလည်း အများဆုံးရှိပြီး ၁၇ ဦးသေကာ ၁၇၀ ကျော်ဒဏ်ရာရခဲ့သည်။

ဂျပန်နိုင်ငံ စီရင်စုပေါင်း ၄၇ ခု အနက် ၁၅ ခုမှာ နှင်းဖုံးလွှမ်းမှုအန္တရာယ် ကြီးစွာကျရောက်နေပြီး တချို့ ဒေသများတွင် နှင်းထုအမြင့်သည် ၆ ပေခွဲအထိ ရှိနေသည်။ အာအိုမိုရီစီရင်စု၌ နေအိမ်ပေါင်း ၁၇၀၀ ကျော် လျှပ်စစ်မီး မရဘဲ ကျည်ဆံရထားများလည်း ပြေးဆွဲနိုင်ခြင်း မရှိသလို တိုကျိုမြို့၊ ဟန်နဲဒါလေယာဉ်ကွင်းတွင်လည်း နီပွန်လေကြောင်းလိုင်းများ ဖျက်သိမ်းနေရသဖြင့် ခရီးသည် ၁၂,၀၀၀ ကျော် သောင်တင်နေသည်။ ဟိုဆိုင်းတက္ကသိုလ်နှင့် ချူအိုတက္ကသိုလ်ဝင်ခွင့် စာမေးပွဲများလည်း ရွှေ့ဆိုင်းထားရပြီး နှင်းမှာလာမည့် ရက်များအတွင်း ဆက်လက် ကျဆင်းနေဦးမည် ဖြစ်သောကြောင့် ခေါင်းဆောင်း အကာအကွယ်များ ဝတ်ကာ အမြင့်သို့ ကြိုးဆိုင်းများဖြင့် တက်ရန်၊ နှင်းကျဆင်းခြင်း ရပ်တန့်ပြီး ရေခဲပျော်စအချိန်တွင် အန္တရာယ် ပိုကြီးမားသဖြင့် အထူးသတိပြု ဂရုစိုက်ကြရန် ဂျပန် မိုးလေဝသအေဂျင်စီကပါ သတိပေးချက်များ ထုတ်ပြန်နေကြသည်။


news-view-count-icon

14