back

ချင်းပြည်နယ်၊လောက်တူဒေသက ငရုတ်သီးအခြောက်အမြောက်အများကို အိန္ဒိယဘက် တင်ပို့နိုင်ရန်လုပ်ဆောင်နေ

Feb 12 • 2:10 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်၊လောက်တူဒေသက ငရုတ်သီးအခြောက်အမြောက်အများကို အိန္ဒိယဘက် တင်ပို့နိုင်ရန်လုပ်ဆောင်နေ

ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက် အမြောက်အများ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နိုင်ဖို့ မျော်မှန်းထားတာကြော...

ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက် အမြောက်အများ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နိုင်ဖို့ မျော်မှန်းထားတာကြောင့် ငရုတ်စိုက်ပျိုးမယ့် တောင်သူတွေကို မျိုးစေ့အခမဲ့ပံ့ပိုးတာ စတဲ့ ထောက်ပံ့မှုတွေပေးပြီး အောင်မြင်နိုင်ဖို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( LRPA) ကြိုးပမ်းနေတယ်လို့ (LRPA) စိုက်ပျိုးရေးတာဝန်ခံ Salai Anthony က ပြောပါတယ်။လောက်တူဒေသ စိုက်ပျိုးရေးတာဝန်ခံ Salai Anthony က “အဓိကတော့ အိန္ဒိယဘက်တင်ပို့ဖို့ အဆက်အသွယ်ဈေးကွက်ရှိလို့ တောင်သူတွေကို စိုက်ပျိုးဖို့အားပေးတာဖြစ်တယ် လက်ရှိတော့ သိပ်တော့ ဈေးမကောင်းသေးဘူး 3 KG ကို မြန်မာငွေ လေးသောင်းလောက်ပဲ ဈေးရှိတယ် ဒါပေမယ့် များများထုတ်နိုင်ရင် အဆင်ပြေတယ် ကျနော်တို့ဘက်က မျော်မှန်းထားတာက 3 kg ကို 300 လောက် ထုတ်နိုင်ဖို့ကို မျော်မှန်းထားတယ်။ ဂျင်းလဲတင်ပို့ဖို့ ဈေးကွက်ရှိတယ် အဲဒါကိုလည်း လုပ်ဖို့ မျော်မှန်းထားတယ်။ လောလောဆယ် တခြားပြောင်းတို့ ဘာတို့က ဈေးကွက်လည်း မရှိသေးတော့ နောက်ပိုင်းရှာနိုင်ရင် ဒါတွေကိုလည်း စိုက်ပျိုးရမှာပေါ့” လို့ပြောပါတယ်။

news-view-count-icon

23