back

ပြည်တွင်း ဆောင်းပြောင်းဖူးများ အထွက်ကောင်းပြီး ဈေးကောင်းရနေ

Feb 12 • 2:09 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း ဆောင်းပြောင်းဖူးများ အထွက်ကောင်းပြီး ဈေးကောင်းရနေ

ဆောင်းပြောင်းဖူးများ အထွက်ကောင်းသလောက် ဈေးကောင်းလည်းရနေကြောင်း အထက်အညာဒေသ ပြောင်း စိုက်တောင်သူနှင့် လက်ကားဒိုင်များမှ သိရပါတယ်။“ဒီနှစ်ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်...

ဆောင်းပြောင်းဖူးများ အထွက်ကောင်းသလောက် ဈေးကောင်းလည်းရနေကြောင်း အထက်အညာဒေသ ပြောင်း စိုက်တောင်သူနှင့် လက်ကားဒိုင်များမှ သိရပါတယ်။“ဒီနှစ်ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရတော့ တောင်သူတွေပျော်ကြတာပေါ့ဗျာ၊ တစ်ချိန်လုံးတထိတ်ထိတ်နဲ့နေ လာခဲ့ရတာ၊ ပြောင်းချိုးပြီးချိန် ဈေးကောင်းတယ်ဆိုမှ သက်ပြင်းချနိုင်တယ်၊ မနှစ်ကထက်ကို ဈေးပိုရတယ်ဗျ”လို့ တပ်ကုန်းမြို့နယ်မှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ပြောင်းမချိုးခင်ရက်များအထိ ဈေးတန်းအကျဘက်ရှိနေရာမှ ပြီးခဲ့သည့်ရက်သတ္တပတ်ကစ၍ အတက်ဘက် ရောက်သွားခြင်းဖြစ်ကြောင်း သိရပါတယ်။ပြောင်းဖူးကို ပြည်တွင်းစားသုံးသူဈေးကွက်အတွင်း သကြားပြောင်းဖူးနှင့် ပြောင်းဖူးအစီးနှစ်မျိုးကိုသာ အဓိက အရောင်းအ၀ယ် ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ပြည်တွင်းဈေးကွက်တွင် ယမန်နှစ်ဆောင်းပြောင်းဖူးပေါ်ချိန်က ပြောင်းဖူး(၁၀၀)လျှင် လက်ကားဈေး (၅၀,၀၀၀) ကျပ်မှ (၆၀,၀၀၀)ကျပ်ကြားရှိခဲ့သော်လည်း ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား လက်ကားဈေးပင်လျှင် (၈၀,၀၀၀)ကျပ် နှင့် အထက်ရှိကြောင်း သိရပါတယ်။

news-view-count-icon

32