back

ဂျပန်အစိုးရသည် လာအိုအစိုးရသို့ အမေရိကန်ဒေါ်လာ ၅.၇ သန်းကူညီမည်

Feb 12 • 2:04 AM

breaking-news

Laos

Local News

cover

ဂျပန်အစိုးရသည် လာအိုအစိုးရသို့ အမေရိကန်ဒေါ်လာ ၅.၇ သန်းကူညီမည်

ဂျပန်အစိုးရသည် လွမ်ပရာဘွမ်မြို့ရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပံ့ပိုးကူညီရေးအတွက် ခန့်မှန်းငွေကြေး အမေရိကန်ဒေါ်လာ ၅.၇ သန်း (...

ဂျပန်အစိုးရသည် လွမ်ပရာဘွမ်မြို့ရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပံ့ပိုးကူညီရေးအတွက် ခန့်မှန်းငွေကြေး အမေရိကန်ဒေါ်လာ ၅.၇ သန်း (ကျပ် ၁၂၂ ဘီလီယံကျော်) ထောက်ပံ့ကူညီသွားမည် ဖြစ်သည်။ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗီယင်ကျန်းမြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ “စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး စီမံကိန်း (အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ) အတွက် မှတ်စုလွှာဖလှယ်ခြင်း” လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ဂျပန်သံအမတ်ကြီး မစ္စတာ ခိုအိဇူမိ ဆွတ်တိုမူနှင့် လာအိုနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဖုံဆာမောက် အန်လာဗန်တို့က အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

news-view-count-icon

6