back

နည်းပြ ရှောင်ဒိုက်ကို နော်တင်ဟမ်အသင်း ရာထူးက ထုတ်ပယ်

Feb 12 • 1:58 AM

breaking-news

Myanmar

International

breaking-news
cover

နည်းပြ ရှောင်ဒိုက်ကို နော်တင်ဟမ်အသင်း ရာထူးက ထုတ်ပယ်

နော်တင်ဟမ်အသင်းဟာ နည်းပြ ရှောင်ဒိုက်က ရာထူးက ထုတ်ပယ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ရှောင်ဒိုက်(၅၄ နှစ်)ဟာ နော်တင်ဟမ်အသင်းကို ၁၁၄ ရက်သာ ကိုင်တွယ်ရပြီး လမ်းခွဲခဲ့ရတ...

နော်တင်ဟမ်အသင်းဟာ နည်းပြ ရှောင်ဒိုက်က ရာထူးက ထုတ်ပယ်ကြောင်း အတည်ပြုကြေညာ

ခဲ့ပါတယ်။ရှောင်ဒိုက်(၅၄ နှစ်)ဟာ နော်တင်ဟမ်အသင်းကို ၁၁၄ ရက်သာ ကိုင်တွယ်ရပြီး လမ်းခွဲခဲ့ရတာဖြစ်တယ်။နော်တင်ဟမ်အသင်းဟာ အခုရာသီအတွင်းမှာ နူနိုဆန်တို၊ ပိုစတီကိုဂလူးတို့နဲ့ လမ်းခွဲထားပြီးဖြစ်လို့ နည်းပြထုတ်ပယ်မှု သုံးဦးအထိ ရှိလာခဲ့ပါတယ်။နော်တင်ဟမ်အနေနဲ့ ဇယားအောက်ဆုံးက ဝုလ်ဗ်အသင်းကို ဂိုးမရှိ သရေကျပြီးနောက် သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့လို့ ရှောင်ဒိုက်ကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်တယ်။နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာ ရောက်နေပြီး အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းနဲ့လည်းသုံးမှတ်သာ ကွာပါတော့တယ်။ရှောင်ဒိုက်ဟာ နော်တင်ဟမ်အသင်းကို စတင်ကိုင်တွယ်ချိန်က အဆင့် ၁၈ နေရာမှာ ရှိခဲ့ပြီး

သူ့လက်ထက်မှာ တိုးတက်မှု အနည်းငယ်သာ

ရှိခဲ့ပါတယ်။


news-view-count-icon

21