back

ပုဂံသို့ ယခုရက်ပိုင်းအတွင်း ခရီးသွားများ မပြတ်ပြန်လည်ဝင်ရောက်လာ

Feb 12 • 1:56 AM

breaking-news

Myanmar

Mandalay

cover

ပုဂံသို့ ယခုရက်ပိုင်းအတွင်း ခရီးသွားများ မပြတ်ပြန်လည်ဝင်ရောက်လာ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၊ လူပျောက်မှုနှင့် လူပြန်ပေးဆွဲခံရမှုသတင်းများထွက်ပေါ်နေသော် လည်း လတ်တလောကာလတွင် ခရီးသွားများပြန်လည်ဝင်ရောက်မှုရှိလာကြောင်း ...

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၊ လူပျောက်မှုနှင့် လူပြန်ပေးဆွဲခံရမှုသတင်းများထွက်ပေါ်နေသော် လည်း လတ်တလောကာလတွင် ခရီးသွားများပြန်လည်ဝင်ရောက်မှုရှိလာကြောင်း ဒေသတွင်းခရီးသွား ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများမှ သိရသည်။တစ်လအတွင်းနှစ်ကြိမ်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ခရီးသွားဝင်ရောက်မှုအထိုက်အလျောက် လျော့ကျခဲ့သော် လည်း လက်ရှိတွင် ပိတ်ရက်ကာလများနှင့်အတူ ပုံမှန်နီးပါးအတိုင်းရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ နေ့စဉ်ခရီးသွားမပြတ်ရှိနေသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ပတ်လျှင် ခရီးသွား ၅၀,၀၀၀ ကျော် ဝင်ရောက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား၀န်ကြီးဌာနသတင်းများကလည်း ဆိုသည်။ ပုဂံနှင့်ညောင်ဦးအပြင် ပုပ္ပါးတောင် အနီး၀န်းကျင်ရှိ ဟိုတယ်တည်းခိုခန်းများပါ Booking ပြည့်နေပြီဖြစ်ကြောင်းလည်း သိရပါသည်။

news-view-count-icon

59